Posts

Showing posts from February, 2018

What is OS?

Image
What is OS? OS ဆိုတာ (အရှည်လိုပြောရင်) Operating System ပါ။ ဗမာလိုဆို ပင်မစနစ်ပေါ့။ ကျနော် ကွန်ပျူတာ Basic စတက်တုန်းက အဲ့ ပင်မစနစ်ဆိုတာကြီးကို နားမလည်ပါဘူး။ ခုတော့ စရှင်းပါတော့မယ်။ ကွန်ပျူတာမှာ အရှိမဖြစ်လိုအပ်တဲ့ Hardware ပစ္စည်းတွေရှိပါတယ်။ ဥပမာ ။       ။ Motherboard, CPU, Memory နဲ့ Storage ပစ္စည်းတွေပေါ့ အဲ့ ပစ္စည်းတွေကို စနစ်တကျ တက်ဆင်ပြီးရုံနဲ့ ကွန်ပျူတာဟာ သူ့ဘာသာသူ Auto ပွင့်လာလား..? အလုပ်လုပ်နိုင်ပီလားဆို မလုပ်နိုင်သေးပါဘူး..။ စက်ပစ္စည်းတွေ တစ်ခုနဲ့ တစ်ခု ထိထားရုံနဲ့ အလုပ်တွေ Auto ထလုပ်ကြေးဆို .. :D .. ။ ထားပါတော့ .. ပစ္စည်းတွေကို တပ်ဆင်ထားရုံနဲ့တော့ အလုပ်မလုပ်နိုင်ပါဘူး.။ အဲ့တော့ သူတို့ အချင်းချင်းနားလည်အောင်၊ အပြန်အလှန် အလုပ်တွေ လုပ်နိုင်အောင် ကျနော်တို့က အဲ့ ကွန်ပျူတာမှာ OS ဆိုတဲ့ Software ကြီးကို ထည့်ပေးရပါတယ်။ တနည်းအားဖြင့် မတူညီတဲ့ Hardware တွေ အပြန်အလှန် သိနားလည်အောင် ထည့်ပေးလိုက်တာပါ။ အဲ့လို အပြန်အလှန်သိနားလည်ဖို့ အရင်ဆုံးထည့်ပေးရတဲ့ OS ဆိုတဲ့ ဆော့ဝဲ ကြီးမှာ Hardware တွေကို သိအောင် လုပ်ပေးရတဲ့ Hardware ပစ္စည်းတော်တော်များများရဲ့ ...